Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 3:13

Common Language Bible

တဲ​တော်​ရှေ့​တွင်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​၌ လက် ကို​တင်​၍​ဆိတ်​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယ​ခု​အ​ခါ​သူ​သည်​လူ​မျိုး​တ​ကာ တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှင်​ဘု​ရင်​များ​သည်​လည်း​မိန်း​မော​တွေ​ဝေ​၍ နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​သိ​မ​မြင်​ဘူး​သော​အ​ရာ မ​ကြား​ဘူး​သော​အ​ရာ​တို့​ကို​တွေ့​မြင်​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာ မိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။

သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-

ဆိတ်​ကို​ပူ​ဇော်​သူ​သည်။-

ထို့​နောက်​ဝမ်း​တွင်း​သား​များ​မှ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။-

တဲ​တော်​ရှေ့​တွင်​သိုး​၏​ဦး​ခေါင်း​ပေါ်​၌​လက် ကို​တင်​၍​သိုး​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင်​လေး ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။

ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ