Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 27:8

Common Language Bible

က​တိ​သစ္စာ​ပြု​၍​မိ​မိ​ကိုယ်​မိ​မိ​ဆက်​ကပ် ပူ​ဇော်​သော​သူ​သည် သတ်​မှတ်​ထား​သော​ငွေ​ကို မ​ပေး​နိုင်​လျှင် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​ပေး​ဆောင်​နိုင်​စွမ်း​ရှိ​သည့်​အ​တိုင်း တန်​ဖိုး ငွေ​ကို​လျော့​၍​သတ်​မှတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​သည်​မှောင်​စ​ပြု​ချိန်​၌​ရှု​ရိ​တပ် စ​ခန်း​သို့​သွား​ကြ​၏။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​တွေ့​ရ​ကြ။-

``ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​အ​ဘယ်​ကြောင့်​ဖြေ​လွှတ်​ရ​မည်​နည်း။ သူ​တို့​၏​သား​သ​မီး​များ​သည်​ငါ့​ကို​စွန့်​ပစ်​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​ကြ​လေ​ပြီ။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ဝ​စွာ​ကျွေး​သော်​လည်း သူ​တို့​သည်​သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​ကာ​ပြည့်​တန်​ဆာ​များ​နှင့်​မှား​ယွင်း​ကြ​၏။

မိ​ခင်​သည်​သိုး​က​လေး​ကို​မ​ပူ​ဇော်​နိုင်​လျှင် ချိုး နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​ယူ​ခဲ့​ရ​မည်။ တစ်​ကောင်​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက်​ဖြစ်​၍ အ ခြား​တစ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​ခင်​အ​တွက် သန့်​ရှင်း​စေ​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​သ​ဖြင့် မိ​ခင် သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လာ လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် သင့်​တော်​သည့် တိ​ရစ္ဆာန်​ကို​ဆက်​သ​မည်​ဟု​သစ္စာ​က​တိ​ပြု ထား​လျှင် ထို​သို့​သော​ယဇ်​ကောင်​သည်​သန့်​ရှင်း သည်​ဖြစ်​၍၊-

သူ​သည်​ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင် ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​မုန့်​ညက်​နှစ်​ပေါင်​ကို ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ယင်း​ပူ​ဇော်​ခြင်း သည်​ဘော​ဇဉ်​သ​ကာ​ပူ​ဇော်​ခြင်း​မ​ဟုတ်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ခြင်း​ဖြစ် သော​ကြောင့် မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ သို့​မ​ဟုတ်၊ အ​မွှေး​နံ့​သာ​ကို​မ​လောင်း​ရ။-

ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ​ကြ ၏။ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့် အ​မြဲ​ရှိ​နေ​သည်​မ​ဟုတ်။-

သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ