ဝတ်ပြု 27:33Common Language Bibleပိုင်ရှင်သည်ညံ့သောတိရစ္ဆာန်များကို ထာဝရ ဘုရားအတွက်ရွေးမိစေရန်မစီစဉ်ရ။ ရွေး ပြီးသောတိရစ္ဆာန်ကိုအစားထိုး၍မလဲလှယ် ရ။ တိရစ္ဆာန်တစ်ကောင်ကိုအခြားတစ်ကောင် နှင့်အစားထိုးလဲလှယ်လျှင် နှစ်ကောင်စလုံး သည်ထာဝရဘုရားနှင့်ဆိုင်သည်ဖြစ်၍ ထိုတိရစ္ဆာန်များကိုမရွေးယူနိုင်။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။