Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 27:26

Common Language Bible

နွား​ဦး​ပေါက်​ဖြစ်​စေ၊ သိုး​ဦး​ပေါက်​ဖြစ်​စေ၊ ဆိတ်​ဦး​ပေါက်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သာ​ဆိုင်​သော​ကြောင့် မည်​သူ​မျှ​ယင်း​တို့​ကို စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​သည်​မှောင်​စ​ပြု​ချိန်​၌​ရှု​ရိ​တပ် စ​ခန်း​သို့​သွား​ကြ​၏။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​တွေ့​ရ​ကြ။-

ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ဖော်​ပြ​ထား​သည့် အ​တိုင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​ရန်​အ​တွက် မိ​မိ​တို့​၏​သား​ဦး​ကို​လည်း ကောင်း၊ မိ​မိ​တို့​နွား၊ သိုး၊ ဆိတ်​တို့​မှ​မွေး​ဖွား သည့်​သား​ဦး​ကို​လည်း​ကောင်း​ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ မည်။

သင်​တို့​၏​သိုး၊ နွား​တို့​မှ​သား​ဦး​ပေါက်​များ​ကို လည်း​ငါ့​အား​ဆက်​ကပ်​ရ​မည်။ သိုး​နွား​သား​ဦး ပေါက်​များ​သည်​သူ​တို့​၏​မိ​ခင်​နှင့်​အ​တူ​ခု​နစ် ရက်​နေ​စေ​၍ အ​ဋ္ဌ​မ​နေ့​တွင်​ထို​သိုး​နွား​များ ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။

သို့​ရာ​တွင်​မ​သန့်​စင်​သော​တိ​ရစ္ဆာန်​၏​သား ဦး​ပေါက်​ကို​မူ​ကား ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​၍​ပြန်​ဝယ်​ယူ​ရ​မည်။ အ​ကယ်​၍​ထို တိ​ရစ္ဆာန်​ကို​ပြန်​၍​မ​ဝယ်​ယူ​လို​လျှင် အ​ခြား သူ​တစ်​ယောက်​အား​ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​ဖြင့်​ရောင်း​ရ​မည်။

သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-

``သင်​တို့​၏​နွား​နှင့်​သိုး​သား​ဦး​ပေါက်​အ​ထီး ဟူ​သ​မျှ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​သီး​သန့်​ထား​ရ​မည်။ နွား​သား ဦး​ပေါက်​များ​ကို​မ​ခိုင်း​စေ​ရ။ သိုး​သား​ဦး ပေါက်​များ​ကို​လည်း​အ​မွေး​မ​ညှပ်​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ