``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ့စကား ကိုနားမထောင်ဘဲနေသေးလျှင်၊-
သို့ဖြစ်၍ကျွန်တော်မ၏သားကိုချက်ပြုတ်စား ကြပြီးလျှင် နောက်တစ်နေ့၌ကျွန်တော်မက သူ၏သားကိုစားရန်ပြောသောအခါ သူသည် ကလေးကိုဝှက်ထားပါသည်'' ဟုလျှောက်၏။
``သင်တို့သည်ငါ့ကိုအာခံ၍ ငါ့စကားကို နားမထောင်ဘဲနေသေးလျှင် ငါသည်အပြစ် ဒဏ်ကိုခုနစ်ဆထပ်မံတိုး၍ခံစေမည်။-
ငါသည်သင်တို့တစ်ဘက်၌နေ၍အပြစ်ဒဏ် ကို ယခင်ကထက်ခုနစ်ဆတိုး၍ခံစေမည်။-
ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
ငါသည်အမျက်ထွက်၍သင်တို့တစ်ဘက်၌နေ လျက် အပြစ်ဒဏ်ကိုယခင်ကထက်ခုနစ်ဆ တိုး၍ခံစေမည်။-
သင်တို့သည်ထာဝရဘုရား၏စကားတော် ကိုနားမထောင်လျှင် သင်တို့ချီတက်သည့်အခါ သင်တို့ကိုခုခံတိုက်ခိုက်သောလူမျိုးတို့အား ထာဝရဘုရားသေကြေပျက်စီးစေသကဲ့ သို့ သင်တို့ကိုလည်းသေကြေပျက်စီးစေတော် မူမည်။''