Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 26:11

Common Language Bible

ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​မိ​မိ​၏​လူ​မျိုး​တော်​နှင့်​လှည့်​လည်​တော် မူ​ခဲ့​စဉ်​အ​ဘယ်​အ​ခါ​၌​မျှ ငါ​သည်​မိ​မိ​ခန့် ထား​သော​ခေါင်း​ဆောင်​တို့​အား`သင်​တို့​အ​ဘယ် ကြောင့်​ငါ​၏​အ​တွက်​သစ်​က​တိုး​သား​ဗိ​မာန် တော်​ကို​ဆောက်​လုပ်​၍​မ​ပေး​ကြ​သ​နည်း' ဟု မေး​တော်​မ​မူ​ခဲ့။-

သင်​ဆောက်​လုပ်​လျက်​ရှိ​သည့်​ဗိ​မာန်​တော်​တွင် ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​လယ်​တွင်​ငါ​ကျိန်း​ဝပ်​မည်'' ဟု မိန့်​တော်​မူ​၏။

ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်၊ကိုယ်​တော်​ထာ​ဝ​စဉ်​စံ​တော်​မူ​ရန်၊ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။

``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု တော်​အား အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

ကိုယ်​တော်​၏​အိမ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​ပေ​သည်။ ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ပေါ်​တွင် ကိန်း​ဝပ်​တော်​မူ​၏။

မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။

ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-

ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​၍၊ သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​မည်။-

ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သော​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​မည်​ဖြစ်​၍၊ ငါ သည်​သူ​တို့​နှင့်​နေ​မည်။ ငါ​သည်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ယဇ်​ပလ္လင်​တော်​ကို​လည်း​ကောင်း၊သန့်​ရှင်း မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​ကို​လည်း​ကောင်း ပစ်​ပယ်​တော်​မူ​၍​ရန်​သူ​တို့​အား​ဗိ​မာန်​တော် နံ​ရံ​များ​ကို​ဖြို​ချ​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​သည့်​ဌာ​န​တော်​တွင် အောင်​သံ​ပေး​၍​ကြွေး​ကြော်​ကြ​၏။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​သည် သင်​တို့​အ​လယ်​၌ ရှိ​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ထို​အ​ခါ​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။

ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​ကျင့်​သုံး​နှင့်။ ထို​ပြည်​သို့​သင်​တို့​ဝင်​ရောက်​နိုင်​ရန် ငါ​သည်​ထို​ပြည်​သား​များ​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​၏​ဆိုး​ယုတ်​သော​အ​လေ့​အ​ကျင့်​များ​ကို​စက်​ဆုပ်​ရွံ​ရှာ​၏။-

သင်​တို့​သည်​ငါ​၏​ပ​ညတ်​နှင့်​အ​မိန့်​တော်​များ ကို​မ​နာ​ခံ​ဘဲ သင်​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​လျှင်၊-

သို့​ရာ​တွင်​ပ​ထ​မ​ဦး​စွာ​တိုင်း​ပြည်​သည်​အ​နား ရ​စေ​ရန် ပြည်​သူ​တို့​ကို​ဖယ်​ရှား​ရ​မည်။ ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​ပစ် ပယ်​သည့်​အ​တွက် ပြည်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ရ​မည်။-

သို့​ရာ​တွင်​ယင်း​သို့​ဖြစ်​စေ​ကာ​မူ​သူ​တို့​သည် ရန်​သူ​၏​ပြည်​တွင်​နေ​ထိုင်​ရ​စဉ် ငါ​သည်​သူ​တို့ ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​မည်​မ​ဟုတ်။ ဖျက်​ဆီး ပစ်​မည်​လည်း​မ​ဟုတ်။ အ​ကယ်​၍​ငါ​သည်​သင် တို့​ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​ပါ​မူ ငါ​နှင့်​သူ​တို့ ပြု​သော​ပ​ဋိ​ညာဉ်​သည်​ပျက်​ပြယ်​လိမ့်​မည်။ ငါ သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-

ငါ​သည်​မိ​မိ​အား​မုန်း​သည့်​သိုး​ထိန်း​သုံး ယောက်​ကို​သည်း​မ​ခံ​နိုင်​သ​ဖြင့် သူ​တို့ အား​တစ်​လ​တည်း​တွင်​ဖယ်​ရှား​ပစ်​လိုက်​၏။-

သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။

``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊ မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။

သို့​ဖြစ်​၍​သင်​တို့​၏​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​မ​သင့်​လျော်​လျှင် တဲ​တော်​ရှိ ရာ​ပြည်​တော်​သို့​ကူး​လာ​၍​သင်​တို့​နေ​ထိုင် ရန်​နယ်​မြေ​ကို​ငါ​တို့​ထံ​မှ​တောင်း​ယူ​ကြ လော့။ သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​မှ​လွဲ​၍​အ​ခြား ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ခြင်း​အား​ဖြင့် ကိုယ် တော်​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပုန်​ကန် မှု​တွင်​ငါ​တို့​မ​ပါ​ဝင်​ပါ​ရ​စေ​နှင့်။-

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​၏​သား ဖိ​န​ဟတ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို​ငါ​တို့​ယ​ခု​သိ ရ​ကြ​ပြီ။ ကိုယ်​တော်​အား​မ​ပုန်​ကန်​ခဲ့​ကြ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဒဏ်​ခတ်​တော်​မူ​ခြင်း မှ​လွတ်​မြောက်​ရ​ကြ​ပြီ'' ဟု​သူ​တို့​အား ဆို​၏။

ငါ​သည်​ပလ္လင်​တော်​မှ​ကျယ်​စွာ​သော​အ​သံ​ကို ကြား​ရ​၏။ ထို​အ​သံ​က``ယ​ခု​အ​ခါ​၌​ဘု​ရား သ​ခင်​သည်​လူ​သား​တို့​ထံ​တွင်​ကျိန်း​ဝပ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​နေ​တော် မူ​မည်။ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော် ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ပင်​လျှင်​သူ​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ​၍​သူ တို့​၏​ဘု​ရား​ဖြစ်​မည်။-

ထို​ကြောင့်​သူ​တို့​သည်​ဘု​ရား​သခင်​၏​ပလ္လင် တော်​ရှေ့​သို့​ရောက်​ရှိ​၍ ကိုယ်​တော်​၏​ဗိ​မာန် တော်​တွင်​နေ့​ညဥ့်​မ​ပြတ်​ဝတ်​ပြု​နေ​ခြင်း ဖြစ်​၏။ ပလ္လင်​တော်​ပေါ်​စံ​နေ​တော်​မူ​သော အ​ရှင်​သည်​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ