Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 25:46

Common Language Bible

သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​အ​ဖြစ်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​၍​ညှဉ်း​ဆဲ​ကြ​၏။

လူ​မျိုး​တ​ကာ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​တော်​သို့​ပြန်​လာ​နိုင်​ကြ စေ​ရန်​ကူ​ညီ​မ​စ​ကြ​လိမ့်​မည်။ ထို​ပြည်​၌ လူ​မျိုး​ခြား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကျွန်​များ​ကဲ့​သို့​အ​စေ​ခံ ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဖမ်း​ဆီး​ချုပ်​နှောင်​သူ​တို့​သည် ယ​ခု အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဖမ်း ဆီး​ချုပ်​နှောင်​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ ဣသ​ရေ​လ​ပြည်​သူ​တို့​သည်​လည်း​အ​ခါ တစ်​ပါး​က​မိ​မိ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ် ခဲ့​သူ​တို့​ကို​အုပ်​စိုး​ရကြ​လိမ့်​မည်။

သူ​တို့​အ​ပေါ်​ညှာ​တာ​ထောက်​ထား​သော သ​ဘော​ထား​ရှိ​ရ​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရိုသေ​ရ​မည်။-

သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။-

အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ