Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 25:39

Common Language Bible

သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။

ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။

ယ​ခု​အ​ခါ​၌​လည်း​ယေရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့​အား​ကျွန်​ခံ စေ​ရန် သင်​တို့​အ​ကြံ​ရှိ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လည်း​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သူ​များ​ဖြစ် သည်​ကို​မ​သိ​ကြ​ပါ​သ​လော။-

ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။

ဟေ​ဗြဲ​အ​မျိုး​သား​ကျွန်​တစ်​ယောက်​ကို​ဝယ် လျှင် သူ​သည်​ခြောက်​နှစ်​ကျွန်​ခံ​စေ​ရ​မည်။ သတ္တမ နှစ်​သို့​ရောက်​သော်​သူ​သည်​ကြေး​မ​ပေး​ရ​ဘဲ လွတ်​လပ်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-

များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။

သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ထို နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​ထို​သူ​တို့​၏​လည်​ဂုတ်​ပေါ်​မှ​ထမ်း ပိုး​ကို​ချိုး​ကာ သူ​တို့​အား​ချည်​နှောင်​ထား သည့်​သံ​ကြိုး​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ တို့​သည်​နိုင်​ငံ​ခြား​သား​တို့​ထံ​တွင်​ကျွန်​ခံ ရ​ကြ​တော့​မည်​မ​ဟုတ်။-

သူ​တို့​သည်​မိ​မိ​ဝယ်​ယူ​ထား​သည့်​ဟေ​ဗြဲ ကျွန်​မှန်​သ​မျှ​ကို​ခြောက်​နှစ်​မျှ​စေ​စား​ပြီး နောက် ခု​နစ်​နှစ်​မြောက်​တွင်​လွတ်​လပ်​ခွင့်​ပေး​ရ ကြ​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ငါ​မှာ​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​၏​ဘိုး​ဘေး​တို့​သည် ငါ့​အား​ပ​မာ​ဏ​မ​ပြု​ကြ။ ငါ​ပြော​ဆို သည့်​စ​ကား​ကို​လည်း​နား​မ​ထောင်​ကြ။-

ဇေ​ဒ​ကိ​မင်း​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည် ယု​ဒ​အ​မျိုး​သား​အ​ချင်း​ချင်း​ကျွန် စေ​စား​မှု​မ​ရှိ​စေ​ရန် ဟေ​ဗြဲ​ကျွန်​ယောကျာ်း ကျွန်​မိန်း​မ​တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန် သ​ဘော​တူ​ညီ​ကြ​လေ​သည်။

သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။

ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ