Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 25:28

Common Language Bible

အ​ကယ်​၍​သူ​သည်​မြေ​ကို​ပြန်​ဝယ်​ယူ​ရန် ငွေ​မ​ရှိ​လျှင် ထို​မြေ​သည်​ရှေ့​လာ​မည့်​ပြန် လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ​ဝယ်​သူ ၏​လက်​ဝယ်​ရှိ​စေ​ရ​မည်။ ထို​နှစ်​၌​ယင်း​မြေ ကို​မူ​လ​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။

ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။-

အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။-

မြို့​ရိုး​အ​တွင်း​၌​ရှိ​သော​အိမ်​ကို​ရောင်း​လျှင် ပိုင်​ရှင်​သည်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍ ဝယ်​ယူ​ခွင့်​ရှိ​သည်။-

သို့​ရာ​တွင်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍​မ ဝယ်​ယူ​လျှင် နောက်​တစ်​ဖန်​ပြန်​လည်​ဝယ်​ယူ ခွင့်​မ​ရှိ​သည့်​အ​ပြင်​ဝယ်​ယူ​သူ​နှင့်​သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ထို​အိမ်​ကို​အ​မြဲ ပိုင်​စေ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် မ​ပေး​ရ။-

ထို​အ​ချိန်​ရောက်​သည့်​အ​ခါ​သူ​နှင့်​သူ​၏​သား သ​မီး​တို့​သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​များ ရှိ​ရာ​ဇာ​တိ​ရပ်​ရွာ​သို့​ပြန်​စေ​ရ​မည်။-

ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကျ​ရောက် သည့်​အ​ခါ ထို​လယ်​မြေ​ကို​မူ​လ​ပိုင်​ရှင်​သို့ မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ်​များ​လက်​သို့ ပြန်​လည်​ပေး​အပ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ