Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 24:9

Common Language Bible

ဤ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထာ​ဝ​စဉ် ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​ဖြစ်​သည်။ ဤ​မုန့်​များ သည်​အာ​ရုန်​နှင့်​သူ​၏​သား​မြေး​များ​စား​ရန် အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​မုန့်​ဖြစ်​ခြင်း ကြောင့်​အ​လွန်​သန့်​ရှင်း​သ​ဖြင့်​သူ​တို့​သည်​ဤ မုန့်​ကို​သန့်​ရှင်း​သော​ဌာ​န​တော်​၌​စား​ရ​ကြ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ တဲ​တော်​အ​တွင်း​ပ​ဋိ​ညာဉ်​သေတ္တာ ကို ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်၊ ထို​ဆီ​မီး​တိုင်​ကို​ည​နေ​မှ​နံ​နက်​ထိ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထွန်း​ထား​ရ မည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​သူ​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည် ဤ​ပ​ညတ်​ချက်​ကို အ​မြဲ​စောင့်​ထိန်း​ရ​ကြ​မည်။

မော​ရှေ​သည်​အာ​ရုန်​နှင့်​အ​သက်​ရှင်​လျက် ကျန်​သော​သား​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ ကြွင်း​ကျန်​သော မုန့်​ညက်​ဖြင့်​တ​ဆေး​မဲ့​မုန့်​ပြု​လုပ်​၍ ယဇ် ပလ္လင်​နား​တွင်​စား​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-

``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ထို​ယဇ်​ကောင်​၏ အ​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တွင်​မ​စား​ကြ သ​နည်း။ အ​ပြစ်​ဖြေ​ရာ​ယဇ်​သည်​အ​ထူး​ပူ ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ကို​ဖြေ​ရန်​အ​တွက် သင်​တို့​အား​ထို​ယဇ် ကောင်​အ​သား​ကို​ပေး​တော်​မူ​ပြီ။-

ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည် ငါ့​အား ဆက်​သ​သော​သန့်​ရှင်း​သည့်​ပူ​ဇော်​သ​ကာ ကို​သော်​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​သည့် ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း​စား သုံး​နိုင်​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ခန်း​တွင် အီ​ဂျစ်​အ​မျိုး​သား​ဖ​ခင်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သ​မီး​မိ​ခင်​တို့​မှ​ပေါက်​ဖွား​သူ​တစ် ယောက်​ရှိ​၏။ မိ​ခင်​သည်​ဒန်​အ​မျိုး​ထဲ​မှ​ဒိ​ဗ​ရိ ၏​သ​မီး​ရှေ​လော​မိတ်​ဖြစ်​သည်။ ထို​သူ​သည် စ​ခန်း​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​နှင့်​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​ကျိန်​ဆဲ​၏။ ထို့​ကြောင့် သူ့​အား​မော​ရှေ​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ သ​ဖြင့်၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။

ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။-

ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-

ထို့​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို ထို​နေ​ရာ​၌​စု​ရုံး​စေ​လော့'' ဟု​မိန့်​တော်​မူ​သည်။

ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-

``သို့​ရာ​တွင်​သင်​တို့​မူ​ကား​ငါ​၏​ယဇ် ပလ္လင်​ကို​ညစ်​ညမ်း​သည်​ဟု​ဆို​ကာ မိ​မိ​တို့ တင်​လှူ​သည့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို လည်း​မ​ထီ​မဲ့​မြင်​ပြု​လျက်​ငါ့​အား​ရှုတ် ချ​ကြ​ပေ​သည်။-

သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။-

ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သို့ ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး​မည်​သူ​မျှ မ​စား​ထိုက်​သော​ရှေ့​တော်​မုန့်​ကို​စား​၍ မိ​မိ အ​ပေါင်း​အ​ဖော်​များ​အား​လည်း​ထို​မုန့်​ကို ပေး​ဖူး​သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။

သူ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ပ​ညတ်​တ​ရား​အ​ရ​ယဇ်​ပု​ရော​ဟိတ်​များ​မှ တစ်​ပါး မည်​သူ​မျှ​မ​စား​ထိုက်​သော​ရှေ့​တော် မုန့်​ကို​ယူ​၍​စား​ခဲ့​၏။ မိ​မိ​၏​အ​ဖော်​များ အား​လည်း​ပေး​ခဲ့​၏။-

ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​ထံ တွင်​အ​ခြား​မုန့်​လည်း​မ​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ထား​သည့်​ရှေ့​တော်​မုန့် ကို​ဒါ​ဝိဒ်​အား​ပေး​လေ​သည်။ ထို​မုန့်​ဟောင်း ကို​မုန့်​သစ်​ဖြင့်​အ​စား​ထိုး​ပူ​ဇော်​ရန်​ဖြစ် သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ