Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 24:6

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရှိ​သော​ရွှေ​စင် ဖြင့်​မွမ်း​မံ​ထား​သည့်​စား​ပွဲ​ပေါ်​တွင်​မုန့်​လုံး များ​ကို​တစ်​တန်း​လျှင်​မုန့်​ခြောက်​လုံး​ကျ နှစ်​တန်း​စီ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ​တန်​ဆာ များ​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။ ယင်း​တို့​မှ ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ၊-

သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ ဖြင့်​ပြီး​သော​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​စေ​တော်​မူ​၏။ ထို​အ​ရာ​များ​မှာ​ရွှေ​ယဇ် ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ​များ၊-

ငါ​တို့​သည်​ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု အ​တွက်​ရှေ့​တော်​မုန့်၊ နေ့​စဉ်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ နေ့​စဉ်​မီး​ရှို့​ပူ​ဇော်​ရန်​ယဇ်​ကောင် များ၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​အ​ခြား​ပွဲ နေ့​များ​အ​တွက်​ပူ​ဇော်​သ​ကာ​များ၊ အ​ခြား သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော်​သ​ကာ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​ခြား လို​အပ်​ရာ​တို့​ကို​ပေး​လှူ​ကြ​ပါ​မည်။

ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။

ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။

စား​ပွဲ​မှ​စ​၍​စား​ပွဲ​ဆိုင်​ရာ​ပစ္စည်း​အား​လုံး နှင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရန်​မုန့်​ကို လည်း​ကောင်း၊-

ထို​အ​ရာ​သည်​ငါး​ပေ​မြင့်​၍​လေး​ပေ​ကျယ် ၏။ ယင်း​၏​ထောင့်​တိုင်​များ၊ အောက်​အ​ခြေ​ခံ ဖိ​နပ်​နှင့်​နံ​ရံ​များ​သည်​သစ်​သား​ဖြင့်​ပြီး ကြ​၏။ ထို​လူ​က``ဤ​ကား​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​စား​ပွဲ​ဖြစ်​သည်'' ဟု​ငါ့​အား ဆို​၏။

ခပ်​သိမ်း​သော​အ​မှု​တို့​ကို​လျောက်​ပတ်​စွာ​စနစ် တ​ကျ​လုပ်​ဆောင်​ကြ​လော့။

လူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​သော အ​ပြင်​တဲ​တော်​အ​ဆောင်​ကို​တည်​ဆောက်​ကြ​၏။ ထို​တဲ​တွင်​မီး​တင်​ခုံ​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ဆက်​ကပ်​သော​မုန့်​နှင့်​စား​ပွဲ​ကို လည်း​ကောင်း​တွေ့​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ