Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 23:39

Common Language Bible

သင်​တို့​ကောက်​သိမ်း​ပြီး​သော​အ​ခါ သစ်​ခက်​နေ ပွဲ​တော်​ကို​သတ္တ​မ​လ၊ တစ်​ဆယ့်​ငါး​ရက်​နေ့​မှ အ​စ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ပွဲ​တော်​ပ​ထ​မ​နေ့​ကို​အ​ထူး​နား​ရက်​အ​ဖြစ် သတ်​မှတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-

ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။

ဤ​ပွဲ​တော်​များ​သည်​ပုံ​မှန်​ဥ​ပုသ်​နေ့​များ အ​ပြင်​ကျင်း​ပ​ရ​သော​ပွဲ​တော်​များ​ဖြစ်​၏။ ဤ​ပူ​ဇော်​သ​ကာ​များ​သည် ထာ​ဝ​ရဘု​ရား အား​ပုံ​မှန်​ပူ​ဇော်​ခြင်း၊ သစ္စာ​ဝတ်​ဖြေ​ရာ ပူ​ဇော်​ခြင်း၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော် ခြင်း​များ​အ​ပြင်​ပူ​ဇော်​ရ​သော​ပူ​ဇော် သ​ကာ​များ​ဖြစ်​သည်။)

ထို​နေ့​၌​အ​ကောင်း​ဆုံး​သစ်​သီး​များ၊ စွန် ပ​လွံ​ခက်​များ၊ အ​ရွက်​ဝေ​ဆာ​သော​အ​ကိုင်း အ​ခက်​များ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သော​ပွဲ​တော် ကို​စ​တင်​ကျင်း​ပ​လော့။-

``သင်​တို့​သည်​ကောက်​နယ်​တ​လင်း​မှ​စပါး​နှင့် ကျင်း​ထဲ​မှ​စပျစ်​သီး​များ​ကို​နယ်​ပြီး​သည့် အ​ခါ သစ်​သီး​သိမ်း​ပွဲ​တော်​ကို​ခု​နစ်​ရက် ပတ်​လုံး​ကျင်း​ပ​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ