Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 23:30

Common Language Bible

ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​သော ယောကျာ်း​သည် ငါ​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ထိန်း​သော​သူ​ဖြစ်​ခြင်း​ကြောင့် ငါ​၏​လူ​မျိုး တော်​ဝင်​အ​ဖြစ်​မှ​ထုတ်​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။

``လေ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့​သင်​တို့ အား ဤ​ပြည်​ရှိ​အ​မြို့​မြို့​တို့​၌​ကွဲ​လွင့်​သွား​စေ​လေ​ပြီ။ ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​မိ​မိ​တို့​၏ ဆိုး​ညစ်​သည့် လမ်း​စဉ်​ကို​မ​စွန့်​ကြ​သ​ဖြင့်၊ သင်​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ငါ​သုတ်​သင်​ပယ်​ရှင်း​ခဲ့​လေ​ပြီ။

``ပ​ရော​ဖက်​သည်​ဖြား​ယောင်း​ခြင်း​ခံ​ရ​၍ ပ​ရော​ဖက်​ပြု​သည်​ဆို​အံ့။ ထို​သူ​အား​ငါ ထာ​ဝ​ရ​ဘု​ရား​ဖြား​ယောင်း​ခြင်း​ပင်​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​လျက် သူ့​အား​တိုက်​ခိုက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​မှ​ဖယ် ရှား​မည်။-

မည်​သူ​မ​ဆို​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​ရာ​တွင်​ပေး​အပ်​ခြင်း​အား​ဖြင့်​ငါ​၏​တဲ​တော်​ကို​ညစ်​ညမ်း​စေ​၍​ငါ​၏​နာမ​တော်​ကို​ရှုတ်​ချ​လျှင် ငါ​သည်​ထို​သူ​ကို​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-

ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။-

သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။-

အို ဖိ​လိတ္တိ​လူ​တို့၊ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ ထိုင်​သူ​ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ချ​မှတ် တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဖြစ်​၍ သင် တို့​တစ်​ဦး​တစ်​ယောက်​မျှ​ကျန်​ရှိ​ရ​လိမ့် မည်​မ​ဟုတ်။-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော​သူ​ကို ဘု​ရား​သ​ခင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​၍ သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ကိုယ်​တော် ၏​ဗိ​မာန်​တော်​ဖြစ်​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ