Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 23:19

Common Language Bible

ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ် တစ်​နှစ်​သား​သိုး​က​လေး​နှစ်​ကောင် ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။-

သင်​တို့​အ​သိုင်း​အ​ဝိုင်း​သည်​အ​ထက်​ပါ​ပူ​ဇော် သ​ကာ​နှင့်​အ​တူ အ​နာ​အ​ဆာ​ကင်း​သော​တစ် နှစ်​သား​သိုး​က​လေး​ခု​နစ်​ကောင်၊ နွား​ထီး​တစ် ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​တို့​ကို​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သည့်​အ​ခါ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ စ​ပျစ် ရည်​ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-

ယဇ်​ပု​ရော​ဟိတ်​သည်​မုန့်​နှင့်​သိုး​က​လေး နှစ်​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ တို့​သည်​သန့်​ရှင်း​၏။-

မ​သိ​မှား​ယွင်း​ခြင်း​ဖြစ်​ခဲ့​သည်​ရှိ​သော် သူ​တို့​သည် နွား​ထီး​တစ်​ကောင်​ကို​မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ ထို​သ​ကာ​ရ​နံ့ ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ထို ယဇ်​ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည်​သကာ​တို့​ကို​လည်း​တွဲ​ဖက် ဆက်​သ​ရ​မည်။ ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​ဆိတ်​ထီး​တစ်​ကောင်​ကို လည်း​ပူ​ဇော်​ရ​မည်။-

ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု​ဝတ်​ကို​ပြု​ရ​မည်။-

လူ့​ဇာ​တိ​သ​ဘော​အား​နည်း​မှု​ကြောင့်​ပ​ညတ် တ​ရား​က မ​ဆောင်​ရွက်​ပေး​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​က​ဆောင်​ရွက်​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​ဇာ​တိ​သ​ဘော​တွင်​သက် ရှင်​လှုပ်​ရှား​သည့်​အ​ပြစ်​တ​ရား​ကို​အ​ပြစ် ဒဏ်​စီ​ရင်​ရန် မိ​မိ​၏​သား​တော်​အား​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သား​တော်​သည်​အ​ပြစ် တ​ရား​ကို​ဖျက်​ဆီး​ပစ်​ရန်​လူ့​ဇာ​တိ​ကို ခံ​ယူ​တော်​မူ​သည်။-

ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ