သတ္တမဥပုသ်နေ့လွန်သည့်နောက်တစ်နေ့ဖြစ် သောငါးဆယ်မြောက်နေ့၌ ထာဝရဘုရား အားကောက်သစ်ကိုတစ်ဖန်ဆက်သလော့။-
ထိုလှူဖွယ်ပစ္စည်းများသည်တတိယလမှ အစပြု၍ နောက်လေးလတိုင်တိုင်ဆက်လက် ရောက်ရှိလာကာစုပုံလျက်နေလေ၏။-
မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။-
သင်တို့သည်ကောက်သိမ်းပွဲတော်ပထမနေ့၌ ထာဝရဘုရားအားကောက်သစ်ပူဇော်သည့် အခါစုဝေးဝတ်ပြုရကြမည်။ ထိုနေ့၌ အလုပ်မလုပ်ရ။-
ပင်တေကုတ္တေပွဲတော်နေ့ကျရောက်သောအခါ တပည့်တော်အပေါင်းတို့သည်တစ်နေရာ တည်းတွင်စုရုံးလျက်ရှိကြ၏။-