ဝတ်ပြု 22:6Common Language Bibleထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။- အခန်းကိုကြည့်ပါ။ |
သစ်သား၊ အဝတ်၊ သားရေ၊ လျှော်တေစသည် တို့ဖြင့်ပြုလုပ်သောမည်သည့်အသုံးအဆောင် များပေါ်သို့မဆို ထိုသတ္တဝါတို့၏အသေ ကောင်များကျခဲ့သော် ယင်းအသုံးအဆောင် သည်မသန့်ရှင်းဟုမှတ်ယူရမည်။ ယင်းကဲ့ သို့ညစ်ညမ်းသွားသောအသုံးအဆောင်ကို ရေထဲ၌နှစ်ရမည်။ သို့ရာတွင်ထိုအသုံး အဆောင်သည် ညဦးတိုင်အောင်မသန့်ရှင်း ဘဲရှိလိမ့်မည်။-
ထိုအခါဟ္ဂဲကလူတစ်ဦးတစ်ယောက် သည် လူသေကောင်နှင့်ထိမိသဖြင့်ညစ်ညမ်း ၍သွားသည်ဆိုငြားအံ့။ ထို့နောက်အကယ် ၍သူသည်အထက်ဖော်ပြပါအစားအစာ များကိုထိမိခဲ့သော် ထိုအရာတို့သည် လည်းညစ်ညမ်း၍သွားပါမည်လောဟု မေးလျှင်၊ ယဇ်ပုရောဟိတ်တို့က``ထိုအရာတို့သည် ညစ်ညမ်း၍သွားပါမည်'' ဟုဆိုကြ၏။
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။