Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 22:29

Common Language Bible

သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရာ​ယဇ်​ကို​ပူ​ဇော် ပါ​မည်။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ ကိုယ် တော်​ထံ​ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ဆက်​သ လျှောက်​ထား​လော့``အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​လွှတ်​၍၊ ကျေး​ဇူး​တော်​အား​ဖြင့်​အ​ကျွန်ုပ် တို့​အား​လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ပြု ထား​သော​က​တိ​အ​တိုင်း ကိုယ်​တော်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ပါ​မည်။-

ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။

ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။-

ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​မုန့်​ကို​ဆက်​ခါ ဆက်​ခါ​ပေး​လှူ​ကြ​လော့။ အ​လို​အ​လျောက် ပေး​လှူ​နေ​ကြောင်း​ကို​လည်း သင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထုတ်​ဖော်​ကြေ​ငြာ​၍​ဝါ​ကြွား ကြ​လော့။ ဤ​သို့​ပြု​ခြင်း​ကို​သင်​တို့​မြတ်​နိုး လှ​၏​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ