Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 22:15

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​များ​သည်​သန့်​ရှင်း​သော​ပူ ဇော်​သ​ကာ​ကို​မ​စား​ထိုက်​သော​သူ​အား​စား စေ​ခြင်း​ဖြင့် ပူ​ဇော်​သ​ကာ​ကို​မ​ညစ်​ညမ်း​စေ ရ၊ ထို​ပူဇော်​သ​ကာ​ကို​မ​စား​ထိုက်​သူ​သည်​စား မိ​လျှင်​အ​ပြစ်​ကူး​လွန်​၍​ဒဏ်​ခံ​ရ​မည်။ ငါ သည်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၏။ ငါ​သည်​ပူ​ဇော် သ​ကာ​များ​ကို​သန့်​ရှင်း​စေ​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ငါ​စံ​တော်​မူ ရာ​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရန်​ပလ္လင်​နား​သို့​ချဉ်း​ကပ်​သည့်​အ​ခါ​၌ ဖြစ်​စေ၊ အ​ရှက်​ပေါ်​၍​အ​သက်​မ​သေ​စေ​အံ့ ငှာ​ထို​ဘောင်း​ဘီ​တို​များ​ကို​ဝတ်​ဆင်​ရ​မည်။ ဤ​ပ​ညတ်​ကို​အာ​ရုန်​နှင့်​သူ​၏​အ​ဆက် အ​နွယ်​တို့​အ​မြဲ​စောင့်​ထိန်း​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငါ​၏​တ​ရား တော်​ကို​ချိုး​ဖောက်​၍ မြင့်​မြတ်​သန့်​ရှင်း​သည့် အ​ရာ​ကို​မ​ရို​မ​သေ​ပြု​ကြ​၏။ သူ​တို့​သည် မြင့်​မြတ်​သန့်​ရှင်း​သည့်​အ​ရာ​နှင့် သာ​မန်​အ​ရာ ကို​ခွဲ​ခြား​မှု​မ​ပြု​ကြ။ သူ​တို့​သည်​သန့်​စင် သည့်​အ​ရာ​နှင့်​မ​သန့်​စင်​သည့်​အ​ရာ ခြား နား​ပုံ​ကို​လည်း​သင်​ကြား​၍​မ​ပေး​ကြ။ ဥ​ပုသ်​နေ့​ကို​လျစ်​လူ​ပြု​ကြ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား မ​ရို​သေ​ကြ။-

ထို​အ​သား​ကို​စား​သော​သူ​သည် ငါ့​အ​တွက် ဆက်​ကပ်​ထား​သော​ပူ​ဇော်​သ​ကာ​ကို​မ​ရို မ​သေ​ပြု​သော​ကြောင့် သူ့​အား​ငါ​၏​လူ​မျိုး တော်​မှ​ထုတ်​ပယ်​မည်။

``ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ငါ​၏ ပ​ညတ်​များ​ကို​လိုက်​နာ​ရ​ကြ​မည်။ ယင်း​သို့ မ​လိုက်​နာ​လျှင်​ပ​ညတ်​တော်​များ​ကို​ချိုး ဖောက်​သော​ကြောင့် သူ​တို့​သည်​အ​ပြစ်​ကူး လွန်​သ​ဖြင့်​သေ​ရ​ကြ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သူ​တို့​ကို​သန့်​ရှင်း စေ​တော်​မူ​၏။

အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​သ​ပြီး​မှ​စား​သုံး​လျှင်​သင်​တို့​၌ အ​ပြစ်​မ​ရှိ။ သို့​ရာ​တွင်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပေး​သော အ​လှူ​မှ​အ​ကောင်း​ဆုံး ကို​ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​မီ​စား​သုံး ခြင်း​အား​ဖြင့် အ​လှူ​ကို​မ​ညစ်​ညူး​မိ​စေ​ရန် သ​တိ​ပြု​လော့။ ညစ်​ညူး​မိ​လျှင်​သင်​တို့​သည် သေ​ဒဏ်​သင့်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ