ထာဝရဘုရားသည်မောရှေမှတစ်ဆင့် အာရုန်အား ``သင်၏အဆက်အနွယ်ထဲမှ ကိုယ်အင်္ဂါချွတ်ယွင်းနေသူသည် ငါ့အား ပူဇော်သကာကိုမဆက်သရ။ ဤပညတ် ကိုထာဝစဉ်လိုက်နာရမည်။-
ဤအတိုင်းမကျင့်လျှင်သူ၏သားသမီး တို့သည် သန့်ရှင်းသင့်ပါလျက်နှင့်မသန့် ရှင်းသူများဖြစ်ကြလိမ့်မည်။ ငါထာဝရ ဘုရားသည်သူ့အား ယဇ်ပုရောဟိတ်မင်း အဖြစ်ခွဲခန့်မှတ်သားတော်မူပြီ။