သူသည်အပျိုစင်နှင့်ထိမ်းမြားစုံဖက်ရမည်။-
အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။
မုဆိုးမ၊ လင်ကွာမိန်းမ၊ ပြည့်တန်ဆာမ တို့နှင့်ထိမ်းမြားစုံဖက်ခြင်းမပြုရ။ သူ သည်မိမိအမျိုးအနွယ်ထဲမှအပျိုစင် ကိုသာထိမ်းမြားစုံဖက်ရမည်။-
သူသည်သန့်ရှင်းသူဖြစ်သောကြောင့် ပြည့် တန်ဆာမကိုသော်လည်းကောင်း၊ အပျို ရည်ပျက်သောမိန်းမကိုသော်လည်းကောင်း၊ လင်ကွာမိန်းမကိုသော်လည်းကောင်းမစုံ ဖက်ရ။-
ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-
ထိုသူတို့သည်ကာမဂုဏ်ခံစားမှုနှင့်ကင်း လွတ်သူလူပျိုစင်များဖြစ်၍ သိုးသူငယ် တော်သွားလေရာအရပ်သို့လိုက်ကြ၏။ သူ တို့သည်လူသားတို့အနက်ကရွေးနုတ် ကယ်တင်ခြင်းခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်အား အဦးဆုံးဆက်သ ခြင်းခံရသူများဖြစ်ကြသတည်း။-