Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 21:1

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ် တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​၏​အ​မိ​အ​ဖ၊ သား သ​မီး၊ ညီ​အစ်​ကို၊ မိ​မိ​နှင့်​အ​တူ​နေ​ထိုင် သော​အိမ်​ထောင်​မ​ကျ​သေး​သည့်​ညီ​အစ်​မ စ​သည်​တို့​မှ​လွဲ​၍​အ​ခြား​ဆွေ​မျိုး​သား ချင်း​တို့​၏​အ​သု​ဘ​ကိစ္စ​များ​၌​ပါ​ဝင် ဆောင်​ရွက်​ခြင်း​အား​ဖြင့်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

``ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​အ​လောင်း ကို​တို့​ထိ​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ ရေး​အ​ရ​ညစ်​ညမ်း​အောင်​မ​ပြု​ရ။ သို့​ရာ​တွင် သူ​သည်​မိ​မိ​၏​မိဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​ရှိ​သော​နှ​မ၊ အစ်​မ​တို့​၏​အ​လောင်း ကို​မူ​တို့​ထိ​နိုင်​လေ​သည်။-

``ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​နာ​ကြ​လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​ဂ​ရု​စိုက်​နား ထောင်​ကြ​လော့။ မင်း​မျိုး​မင်း​နွယ်​တို့​နား ထောင်​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​မှန်​ကန်​စွာ စီ​ရင်​ရ​မည့်​သူ​များ​ဖြစ်​သည်။ ထို​အ​တိုင်း ပင်​သင်​တို့​ကို​လည်း​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ခံ​ရ​ကြ​မည်။ သင်​တို့​သည်​မိ​ဇ​ပါ​မြို့​တွင် ထောင်​သော​ထောင်​ချောက်၊ တာ​ဗော်​တောင်​တွင် ဖြန့်​ထား​သော​ပိုက်​ကွန်၊-

ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

သူ​သည်​ငါ့​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား သူ​ဖြစ်​၍ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မိ​မိ ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ရ။ ငါ​၏​တဲ​တော်​မှ ထွက်​၍​မည်​သည့်​အ​သု​ဘ​အိမ်​သို့​မျှ​မ သွား​ရ။ မိ​ရင်း​ဘ​ရင်း​သေ​ဆုံး​သည့်​အိမ်​သို့ ပင်​မ​သွား​ရ။ ဤ​သို့​လျှင်​ငါ​၏​တဲ​တော်​မှ ထွက်​၍​အ​သု​ဘ​အိမ်​သို့​သွား​ခြင်း​အား ဖြင့်​ငါ​၏​တဲ​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယဇ် ပု​ရော​ဟိတ်​တို့​အား``ဤ​ပ​ညတ်​သည်​သင်​တို့ အ​တွက်​ဖြစ်​၏။ သင်​တို့​သည်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​အား​ဖြင့် ငါ​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရ​ကြ​မည်။ အ​ကယ်​၍​ငါ့​စ​ကား​ကို သင်​တို့​နား​မ​ထောင်​ပါ​မူ ငါ​သည်​သင်​တို့ အား​ကျိန်​စာ​သင့်​စေ​မည်။ သင်​တို့​မှီ​ခို အား​ထား​ရာ​များ​ကို​လည်း​ကျိန်​စာ​သင့် စေ​မည်။ အ​မှန်​စင်​စစ်​ထို​အ​ရာ​တို့​သည် ယ​ခု​ပင်​ကျိန်​စာ​သင့်​ကြ​လေ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်​ငါ​၏​ပ​ညတ် ကို​လေး​လေး​စား​စား​မ​ခံ​မ​ယူ​ကြ​သည့် အ​တွက်​ဖြစ်​၏။-

ထို​အ​ခါ​ငါ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​တည်​မြဲ​စေ လို​သ​ဖြင့် ဤ​ပ​ညတ်​ကို​သင်​တို့​အား​ပေး တော်​မူ​ခြင်း​ဖြစ်​ကြောင်း​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။''

လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ ခု​နစ်​ရက်​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။-

တဲ​ထဲ​တွင်​လူ​တစ်​ယောက်​ယောက်​သေ​ဆုံး​ခဲ့ လျှင် ထို​အ​ချိန်​တွင်​တဲ​တွင်း​၌​ရှိ​သော​သူ နှင့်​တဲ​ထဲ​သို့​ဝင်​လာ​သော​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

မြို့​ပြင်​တွင်​အ​သတ်​ခံ​ရ​သူ​သို့​မ​ဟုတ် သ​ဘာ​ဝ​အ​လျောက်​သေ​ဆုံး​သူ​၏​အ​လောင်း၊ အ​ရိုး၊ သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကိုယ်​ရေ ပြား​ရော​ဂါ​စွဲ​သော​သူ​သို့​မ​ဟုတ်​ရိ​နာ​စွဲ သော​သူ၊ လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​မ​သန့် စင်​သော​သူ​တို့​ကို စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ် ရန်​ဆင့်​ဆို​လော့။-

သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ