Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 20:7

Common Language Bible

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။-

ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သခင် ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် လည်း​သန့်​ရှင်း​ကြ​ရ​မည်။

ဤ​အ​တိုင်း​မ​ကျင့်​လျှင်​သူ​၏​သား​သ​မီး တို့​သည် သန့်​ရှင်း​သင့်​ပါ​လျက်​နှင့်​မ​သန့် ရှင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ်​ခွဲ​ခန့်​မှတ်​သား​တော်​မူ​ပြီ။

သို့​ရာ​တွင်​သူ​၏​ကိုယ်​အင်္ဂါ​ချွတ်​ယွင်း​နေ သော​ကြောင့် ကန့်​လန့်​ကာ​တော်​အ​နီး​သို့​လည်း ကောင်း၊ ယဇ်​ပလ္လင်​တော်​အ​နီး​သို့​လည်း​ကောင်း မ​ချဉ်း​ကပ်​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​သည်​ထို​ကန့်​လန့်​ကာ​တော်​နှင့်​ယဇ် ပလ္လင်​တော်​တို့​ကို​သန့်​ရှင်း​စေ​သော​ကြောင့် သူ သည်​ယင်း​တို့​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု မိန့်​တော်​မူ​၏။

သူ​သည်​ငါ့​အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ ရ​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​သူ့​ကို​သန့်​ရှင်း သူ​ဟူ​၍​မှတ်​ယူ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​တော်​မူ​သ​ဖြင့် ငါ​၏​လူ​မျိုး​တော်​ကို​သန့်​ရှင်း​စေ​တော်​မူ​၏။-

ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​ရှေ့​တော်​တွင်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​ဘဲ သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဖြစ်​နိုင်​ကြ​စေ​ရန်​ကမ္ဘာ​မ​တည်​မ​ရှိ​မီ က​ပင်​ငါ​တို့​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​တော်​မူ​ပေ​သည်။ ဘု​ရား​သ​ခင်​သည် မိ​မိ​မေတ္တာ​တော်​ကြောင့်၊-

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍ မိ​မိ ပိုင်​ဆိုင်​သူ​များ​ဖြစ်​ရန်​ရွေး​ချယ်​တော်​မူ​သ​ဖြင့် က​ရု​ဏာ​ပြ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ စိတ် နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း တို့​ကို​ဝတ်​ဆင်​ကြ​လော့။-

ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​သန့်​ရှင်း မြင့်​မြတ်​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​လွန်​ကူး မှု​နှင့်​လုံး​ဝ​ကင်း​ကြ​စေ​ရန်​အ​လို​ရှိ​တော် မူ​၏။-

ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။-

လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-

ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။-

ထို​နောက်​ယော​ရှု​က​လူ​တို့​အား``နက်​ဖြန် နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ မည်​ဖြစ်​၍ သင်​တို့​ကိုယ်​ကို​သန့်​စင်​စေ​ကြ လော့'' ဟု​ညွှန်​ကြား​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ