Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 20:5

Common Language Bible

သူ​နှင့်​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ ထို​သူ​နည်း​တူ​ငါ့​အား​သစ္စာ​ဖောက်​၍​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​သူ​ရှိ​သ​မျှ​ကို​လည်း​ကောင်း ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ယု​ဒ​ကုန်း​မြင့်​ဒေ​သ​များ​၌​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ပင်​တည် ဆောက်​၍ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​များ​အား​ထာ​ဝရ​ဘု​ရား​ကို​ပြစ် မှား​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။

ယင်း​သို့​သတ်​ဖြတ်​မှု​များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို ညစ်​ညမ်း​စေ​ကြ​၏။ ယင်း​သို့​ပြု​မူ​ကြ​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​လည်း သစ္စာ​ဖောက်​ကြ​၏။

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-

ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​အ​ကျိုး၊ နောင် လာ​နောက်​သား​တို့​၏​အ​ကျိုး​ငှာ​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​အ​သက်​ရှင်​စေ​မည်။ ထို​ရည်​ရွယ်​ချက်​မှာ​ငါ့​ကို​အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​ရန်​ပင်​ဖြစ်​သည်။-

``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​၍​ယု​ဒ​ပြည်​ကို​ပျက် ပြုန်း​စေ​မည်။-

သူ​သည်​ငါ့​ကို​မေ့​လျော့​ပြီး​လျှင်​ဗာ​လ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော် လျက် ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဝတ်​ဆင်​၍ ချစ်​သူ​များ​နောက်​သို့​လိုက်​သည့်​အ​ခါ​များ အ​တွက်​သူ့​အား​ငါ​ဒဏ်​ခတ်​မည်။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ဖြစ်​၏။

သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​ဖောက်​၍​ကွင်း​ပြင်​များ​တွင် တိ​ရစ္ဆာန်​များ​ကို​သတ်​ပြီး နတ်​မိစ္ဆာ​တို့​အား နောက်​တစ်​ဖန်​မ​ပူ​ဇော်​ရ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။

အ​ကယ်​၍​လူ​ထု​တစ်​ရပ်​လုံး​က ထို​သူ​အား​အ​ရေး​မ​ယူ​သေ​ဒဏ်​မ​စီ​ရင်​လျှင်၊-

``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ​တို့​ထံ​မှ အ​ကြံ​ဉာဏ်​တောင်း​ခံ​သူ​ကို​ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ