Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 19:5

Common Language Bible

``သင်​တို့​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် သည့်​အ​ခါ ငါ​၏​ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ ပူ​ဇော်​လျှင် ငါ​သည်​ထို​ပူ​ဇော်​သ​ကာ​ကို လက်​ခံ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။-

ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ ငယ်​တို့​ကို​ခိုင်း​စေ​သ​ဖြင့်၊ သူ​တို့​သည်​နွား​များ ကို​သတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​သော ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​လေ​၏။-

``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။-

နွား​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​မည်​ဆို​လျှင် ထို​နွား​၌​အ​ပြစ်​အ​နာ​မ​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သူ​ကို​နှစ်​သက်​လက်​ခံ​ရန်​သူ သည်​နွား​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

ယဇ်​ပူ​ဇော်​သော​နေ့​သို့​မ​ဟုတ်​နောက်​တစ်​နေ့ ၌​ယဇ်​ကောင်​၏​အ​သား​ကို​စား​ရ​မည်။ တ​တိ ယ​နေ့​သို့​တိုင်​အောင်​ကြွင်း​ကျန်​သော​အ​သား သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း သ​ဖြင့်​မီး​ရှို့​ပစ်​ရ​မည်။ အ​ကယ်​၍​တ​တိ​ယ နေ့​၌​ယဇ်​ကောင်​၏​အ​သား​ကို တစ်​ဦး​တစ် ယောက်​က​စား​ခဲ့​သည်​ရှိ​သော် ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​မည်​မ​ဟုတ်။-

အ​နာ​အ​ဆာ​ကင်း​သော​ယဇ်​ကောင်​အ​ထီး ကို​သာ​ငါ​လက်​ခံ​မည်၊-

တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။-

ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။-

သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-

တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။-

အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ