Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 19:22

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သိုး​ကို​ယဇ်​ပူ​ဇော်​၍ သူ့​အ​ပြစ်​ပြေ​စေ​ရန်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​ရ​မည်။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​သူ ၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် သိုး​ထီး​တစ်​ကောင်​ကို​ငါ​စံ​တော်​မူ​ရာ​တဲ​တော် တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

``သင်​တို့​သည်​ခါ​နာန်​ပြည်​သို့​ရောက်​ရှိ​သော အ​ခါ သစ်​သီး​ပင်​ကို​စိုက်​ပျိုး​၍​အ​ပင်​မှ ပ​ထ​မ​သုံး​နှစ်​အ​တွင်း သီး​သော​အ​သီး​များ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် သ​ဖြင့် ထို​အ​သီး​များ​ကို​မ​စား​သုံး​ရ။-

သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နွား​ကို ပူ​ဇော်​သည့်​နည်း​စံ​နစ်​အ​တိုင်း ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော ဟိတ်​သည် လူ​တို့​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင် ကို​ပူ​ဇော်​သ​ဖြင့် လူ​တို့​သည်​အ​ပြစ်​လွတ်​ကြ လိမ့်​မည်။-

ထို​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​၏ အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ကဲ့​သို့ ဆိတ်​အ​ဆီ ရှိ​သ​မျှ​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် အုပ်​ချုပ်​သော​မင်း​၏​အ​ပြစ်​အ​တွက်​ပူ​ဇော် သ​ဖြင့်​ထို​မင်း​အ​ပြစ်​လွတ်​လိမ့်​မည်။

ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ ဆိတ်​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သာ​မန် လူ​တစ်​ဦး​၏​အ​ပြစ်​အ​တွက်​ယဇ်​ပူ​ဇော် သဖြင့်​ထို​သူ​အ​ပြစ်​လွတ်​လိမ့်​မည်။

ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​သိုး​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ သိုး​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ပူ​ဇော်​သ​ကာ နှင့်​တ​ကွ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​လူ တစ်​ဦး​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​အ​ပြစ်​လွတ်​လိမ့်​မည်။

ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ