Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 18:26

Common Language Bible

သူ​တို့​သည်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​ကျင့်​တို့ ကို​ပြု​ကျင့်​၍ တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ ၏။ သင်​တို့​မူ​ကား​ထို​အ​ကျင့်​များ​ကို​မ​ပြု ကျင့်​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သင် တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား ဖြစ်​စေ၊ သင်​တို့​အား​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​များ​နှင့် ပြ​ဋ္ဌာန်း​ချက်​များ ကို​စောင့်​ထိန်း​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ဆိုး​ရွား​ဆုံး​အ​ပြု​အ​မူ​မှာ ရုပ်​တု​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ပြည့်​တန်​ဆာ​အ​လုပ် ကို​အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​လုပ်​ကိုင် ကြ​ခြင်း​ပင်​ဖြစ်​၏။ ပြည်​တော်​သို့​ဣသ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သော ပြည်​သူ​ပြည်​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ​အ​လေ့​ဟူ​သ​မျှ​ကို ယု​ဒ ပြည်​သူ​တို့​သည်​ပြု​ကျင့်​ကြ​ကုန်​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ တဲ​တော်​တံ​ခါး​ဝ​မှ​လွဲ​၍​အ​ခြား တစ်​နေ​ရာ​တွင် မီး​ရှို့​သော​ယဇ်​ကို​သော်​လည်း ကောင်း၊ အ​ခြား​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်​ထို​သူ​ကို ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ် ရ​မည်။

သူ​တို့​၏​အ​လေ့​အ​ကျင့်​များ​သည် သူ​တို့​နေ ထိုင်​ရာ​ပြည်​ကို​ညစ်​ညမ်း​စေ​သည်။ ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​ကို​ဒဏ်​ခတ် သ​ဖြင့်​ပြည်​သား​တို့​သည် ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ သင်​တို့​အ​လျင်​ထို​ပြည်​၌ နေ​ထိုင်​ခဲ့​သော သူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​အ​တု​မ​ခိုး​နှင့်။ သင်​တို့​သည်​ထို​အ​ကျင့် များ​ကို​ကျင့်​ခြင်း​အား​ဖြင့် ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။

ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​လျှောက်​လော့။ သို့​ပြု​လျှင်​သင်​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရားဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ကြား​၍​လိုက်​နာ​သူ​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​လျှင်​ပို​၍​သင့်​မြတ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။

မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။

``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။-

သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။-

သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပညတ်​တော် အား​လုံး​ကို​စောင့်​ထိန်း​ကြ​လျှင် သင်​တို့​နှင့် တ​ကွ​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ကြီး​ပွား​ချမ်း​သာ​ကြ​လိမ့်​မည်။ သင်​တို့​သည် လည်း​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​အား​အ​မြဲ​ပိုင်​ရန်​ပေး​တော်​မူ​သော​ပြည် တွင်​ဆက်​လက်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု ဆို​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ