ဝတ်ပြု 18:22Common Language Bibleယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။- အခန်းကိုကြည့်ပါ။ |
အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။