Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 18:20

Common Language Bible

သူ​တစ်​ပါး၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငို​ကြွေး​မြည်​တမ်း​ချိန်​ကုန်​လွန်​သော​အ​ခါ​ဒါ​ဝိဒ် သည် သူ့​အား​နန်း​တော်​သို့​ခေါ်​စေ​၍​မိ​ဖု​ရား​မြှောက် ရာ​သား​တော်​ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​ပြု​ခဲ့​သည့်​အ​မှု ကို​နှစ်​သက်​တော်​မ​မူ။

``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။

ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။

သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-

တစ်​စုံ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မ​ယား​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။

သင်​သည်​အ​ခြား​သူ​တို့​အား​သူ​တစ်​ပါး​၏ အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်​တား​မြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင်​ပြစ်​မှား​ပါ သ​နည်း။ သင်​သည်​ရုပ်​တု​ကို​ရွံ​ရှာ​ပါ​လျက် အ​ဘယ်​ကြောင့် သင်​ကိုယ်​တိုင်​ရုပ်​တု​တည်​ရာ ဗိ​မာန်​ကို​လု​ယက်​ပါ​သ​နည်း။-

ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊-

လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊-

``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။

``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့်​မြို့​ပြင်​၌​တွေ့​၍​မု​ဒိမ်း​ကျင့်​လျှင် ထို ယောကျာ်း​ကို​သာ​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

`` `သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။

ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ