ဝတ်ပြု 16:2Common Language Bible``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။