ဝတ်ပြု 16:13Common Language Bibleထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။
မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။