ဝတ်ပြု 15:8Common Language Bibleရိနာစွဲသောသူသည်ဘာသာတရားထုံး နည်းနှင့်ဆိုင်၍ သန့်စင်သူတစ်ဦးအပေါ်သို့ တံတွေးထွေးမိလျှင် တံတွေးထွေးခံရသူ သည်မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။
အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။