Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 15:32

Common Language Bible

ဤ​ပ​ညတ်​တို့​သည်​ကား​ရိ​နာ​စွဲ​သော​သူ၊ သုက်​ရည်​ယို​သော​သူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​ဆိုင်​ရာ​ဥ​ပ​ဒေ​သ​ကား​ဗိ​မာန် တော်​တည်​ဆောက်​ထား​ရာ​တောင်​ထိပ်​တစ်​ခု လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏​ဟူ​၍​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ဤ​ပ​ညတ်​သည်​ကား​တိ​ရစ္ဆာန်​များ​နှင့်​ငှက် များ၊ ရေ​သတ္တ​ဝါ​နှင့်​ကုန်း​သတ္တ​ဝါ​များ​နှင့် ဆိုင်​သော​ပညတ်​ဖြစ်​သ​တည်း။-

ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။

ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။

ဤ​ပ​ညတ်​သည်​ကား ဆိုး​ရွား​သည့်​ကိုယ်​ရေ ပြား​ရော​ဂါ​များ​နှင့်​ဆိုင်​၍​လည်း​ကောင်း၊-

ယောကျာ်း​တစ်​ယောက်​သည်​သုက်​ရည်​ယို​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​စ​ခန်း​အ​လယ်​တွင် တည် ရှိ​သည့်​စံ​တော်​မူ​ရာ​တဲ​တော်​ကို​မ​ညစ်​ညမ်း စေ​ခြင်း​အ​လို့​ငှာ မ​သန့်​စင်​သော​အ​မှု​များ နှင့်​ဆိုင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မော​ရှေ​အား​ဖြင့်​သ​တိ​ပေး​တော်​မူ​၏။ အ​ကယ်​၍​သူ​တို့​သည်​တဲ​တော်​ကို ညစ်​ညမ်း စေ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ​မည်။

ရာ​သီ​သွေး​ပေါ်​သော​အ​မျိုး​သ​မီး၊ ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​သော​ယောကျာ်း​တို့​နှင့်​သက် ဆိုင်​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။

တဲ​ထဲ​တွင်​လူ​တစ်​ယောက်​ယောက်​သေ​ဆုံး​ခဲ့ လျှင် ထို​အ​ချိန်​တွင်​တဲ​တွင်း​၌​ရှိ​သော​သူ နှင့်​တဲ​ထဲ​သို့​ဝင်​လာ​သော​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။-

နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​ကုန် ဆုံး​သော​အ​ခါ ပြု​ရ​မည့်​ဝတ်​ကား​ဤ​သို့ တည်း။ သူ​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ပြစ် အ​နာ​ကင်း​သော​တစ်​နှစ်​သား​သိုး​ထီး​က လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​အ​မ​တစ်​ကောင်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ ကင်း​သော​သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရန် တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ