Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 15:24

Common Language Bible

ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​မ​သန့်​စင် သော​ကြောင့် သူ​နှင့်​ကာ​မ​စပ်​ယှက်​သော​ယောကျာ်း သည်​လည်း ခု​နစ်​ရက်​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။ ထို​သူ​၏​အိပ်​ရာ​သည်​လည်း မ​သန့်​စင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-

သင့်​အ​ထဲ​တွင်​အ​ချို့​သော​သူ​တို့​သည် မိ​မိ တို့​၏​မိ​ထွေး​များ​နှင့်​ပြစ်​မှား​ကြ​၏။ သင့် အ​ထဲ​၌​အ​ချို့​က​အ​မျိုး​သ​မီး​များ ရာ​သီ​လာ​ချိန်​တွင်​အ​ဋ္ဌမ္မ​ပြု​ကျင့်​ကြ​၏။-

ရာ​သီ​သွေး​ပေါ်​သော​အ​မျိုး​သ​မီး၊ ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​သော​ယောကျာ်း​တို့​နှင့်​သက် ဆိုင်​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။

ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ရာ​သီ​သွေး ပေါ်​ချိန်​အ​တွင်း​သူ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-

တစ်​စုံ​တစ်​ယောက်​သည်​ရာ​သီ​သွေး​ပေါ်​လျက်​ရှိ​သော​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သူ​တို့​နှစ်​ဦး​သည်​သန့်​စင်​မှု​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက်​သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​မှ​နှင်​ထုတ်​ရ​မည်။-

မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။

ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။

ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ