ဝတ်ပြု 15:16Common Language Bibleယောကျာ်းတစ်ယောက်သည်သုက်ရည်ယိုလျှင် တစ်ကိုယ်လုံးရေချိုးရမည်။ သူသည်ညဦး တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
``အာရုန်၏အဆက်အနွယ်ထဲမှ ကိုယ်ရေပြား ရောဂါစွဲသောသူဖြစ်စေ၊ ရိနာစွဲသူဖြစ်စေ၊ ဘာသာရေးထုံးနည်းအရသန့်စင်မှုမရရှိ မီ ငါ့အားဆက်ကပ်သောပူဇော်သကာများ ကိုမစားရ။ ယဇ်ပုရောဟိတ်သည်လူသေနှင့် ထိ၍ မသန့်စင်သောအရာရှိသမျှကိုကိုင် တွယ်မိလျှင်သော်လည်းကောင်း၊ သုက်ရည်ယို လျှင်သော်လည်းကောင်း၊-
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။