ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။
သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။ သူတို့အားမြေအိုးကိုခွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊
ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။
ရိနာစွဲသောသူသည်မိမိ၏လက်များကို မဆေးဘဲနှင့် တစ်စုံတစ်ယောက်ကိုထိကိုင် မိလျှင် အကိုင်ခံရသောသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
ယဇ်ကောင်၏အသားကိုပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ အသားကိုကြေးအိုးတွင်ပြုတ် လျှင် ထိုအိုးကိုပွတ်တိုက်၍ရေဆေးရမည်။-
ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။-
ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။