ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။-
ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
ထိုနောက်ငှက်အရှင်ကိုမြို့ပြင်ကွင်းပြင် သို့လွှတ်လိုက်ရမည်။ ဤနည်းအားဖြင့်သူသည် အိမ်အတွက်သန့်စင်ခြင်းဝတ်ကိုပြုသဖြင့် အိမ်သည်ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။