ဝတ်ပြု 14:43Common Language Bibleထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊- အခန်းကိုကြည့်ပါ။ |
အကယ်၍လူတို့သည်ငါတို့အရှင်သခင် နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ် ကိုသိကျွမ်းရခြင်းအားဖြင့် လောကီညစ်ညမ်း မှုများမှလွတ်မြောက်ကြပြီးနောက်တစ်ဖန် ပြန်၍ ထိုညစ်ညမ်းမှုများ၏ကျွန်ဖြစ်ပါမူ ထိုသူတို့၏နောက်ဆုံးအခြေအနေသည် လက်ဦးအခြေအနေထက်ဆိုးရွားလေ တော့သည်။-
သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-