ဝတ်ပြု 14:40Common Language Bibleဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။- အခန်းကိုကြည့်ပါ။ |
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-