Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 14:32

Common Language Bible

ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ​ကိုယ်​တော်​သည် ငါ​တို့​အား​မေ့​လျော့​တော်​မ​မူ။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-

ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။

အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-

ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။-

အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ဤ​နည်း အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အိမ်​များ​တွင်​ဖား​ဥ​စွဲ​ခြင်း​နှင့်​ပတ်​သက် ၍ အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ​မှတ် ပေး​တော်​မူ​၏။ (ဤ​ပ​ညတ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​ဆိုင်​နေ​ထိုင်​ရန် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ခါ​နာန်​ပြည်​သို့​ရောက် ရှိ​ပြီး​နောက်​လိုက်​လျှောက်​ရ​မည့်​ပညတ်​များ ဖြစ်​သည်။-)

မျက်​မ​မြင်​တို့​သည်​မျက်​စိ​အ​လင်း​ကို​ရ​ရှိ ကြ​၏။ ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည်​လမ်း​လျှောက် ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​စွဲ​သူ​တို့​သည်​သန့်​စင် သွား​ကြ​၏။ နား​ပင်း​သူ​တို့​သည်​ကြား​ရ​ကြ​၏။ သေ​သူ​တို့​သည်​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ