Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 13:58

Common Language Bible

သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​က​သူ့​အား``သင်​သည်​ယော​ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​တိုင်​တိုင်​ရေ​ချိုး​ပါ​လျှင် သင်​၏​ရော​ဂါ လုံး​ဝ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​အ​စေ​ခံ ကို​လွှတ်​၍​ပြော​ကြား​စေ​၏။-

သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-

ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အ​ပြစ်​မှ​သန့်​စင်​စေ တော်​မူ​ပါ။

သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊-

ထို့​နောက်​ဖား​ဥ​ကွက်​တစ်​ဖန်​ပြန်​ပေါ်​လာ လျှင် ဖား​ဥ​ပြန့်​ပွား​လာ​ခြင်း​ကြောင့် ပိုင်​ရှင် သည်​ပစ္စည်း​ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-

ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။

ထို​ဝေ​ဒ​နာ​ကို​ဖယ်​ရှား​ပေး​တော်​မူ​ရန်​ငါ သည်​သ​ခင်​ဘု​ရား​ထံ​တော်​သို့​သုံး​ကြိမ် တိုင်​တိုင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​က ``ငါ​၏​ကျေး​ဇူး​တော်​ကို သာ​လျှင်​သင်​လို​အပ်​ပေ​သည်။ သင်​အား နည်း​သော​အ​ခါ​ငါ့​တန်​ခိုး​သည်​အ​ထင် ရှား​ဆုံး​ဖြစ်​၏'' ဟု​ဖြေ​ကြား​တော်​မူ​၏။-

ချစ်​မိတ်​ဆွေ​တို့၊ ဤ​က​တိ​တော်​များ​ကား​ငါ တို့​၏​အ​တွက်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​ကာ​ယ​အ​ညစ်​အ​ကြေး​နှင့်​ဝိ​ညာဉ် အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​နှင့်​ကင်း​စင်​စေ​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​အား ဖြင့် မိ​မိ​တို့​ကိုယ်​ကို​လုံး​ဝ​ဖြူ​စင်​သန့်​ရှင်း​စေ ကြ​ကုန်​အံ့။

ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။

သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ