Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 13:46

Common Language Bible

သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မှု​အ​တွက်​ယွာ​ဘ​နှင့် သူ​၏​အိမ်​ထောင် စု​ဝင်​အ​ပေါင်း​တို့​အ​ပြစ်​ဒဏ်​သင့်​ကြ​ပါ​စေ သော။ သူ​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​ရိ​နာ စွဲ​သူ၊ နူ​နာ​စွဲ​သူ၊ ခါး​ကုန်း​ချည့်​နဲ့​သူ၊ ဋ္ဌား ဘေး​သင့်​သူ၊ ငတ်​မွတ်​သူ​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇိ​အား​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​သေ သည့်​တိုင်​အောင်​ထို​ရော​ဂါ​ကို​ခံ​စား​ရ​၏။ သို့ ဖြစ်​၍​သား​တော်​ယော​သံ​အား တိုင်း​ပြည်​အုပ် ချုပ်​မှု​တာ​ဝန်​ကို​လွှဲ​အပ်​ပြီး​လျှင် သီး​ခြား အိမ်​တော်​တွင်​စံ​တော်​မူ​ရ​လေ​သည်။-

အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​လေး​ယောက်​တို့ သည် မြို့​တံ​ခါး​ပြင်​တွင်​ထိုင်​လျက်``ငါ​တို့​သည် မ​သေ​မ​ချင်း​ဤ​အ​ရပ်​တွင်​အ​ဘယ်​ကြောင့် စောင့်​နေ​ရ​ကြ​မည်​နည်း။-

သြ​ဇိ​မင်း​သည်​ထို​အ​ချိန်​မှ​စ​၍​သေ​သည် တိုင်​အောင် ဤ​ရော​ဂါ​ကြောင့်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​ဖြစ်​လာ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော်​သို့​နောက်​တစ်​ဖန်​ပြန် လည်​ဝင်​ရောက်​ခွင့်​မ​ရ​တော့​သ​ဖြင့် သား​တော် ယော​သံ​အား​မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ ကို​လွှဲ​ပြောင်း​ပေး​အပ်​လိုက်​ရ​၏။ တိုင်း​ပြည် ကို​သား​တော်​အုပ်​စိုး​လျက်​နေ​စဉ် သူ​သည် မိ​မိ​၏​အိမ်​တော်​၌​သာ​နေ​ထိုင်​ရ​လေ​သည်။

ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊

အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။

သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။

လူ​တို့​က``ထွက်​သွား​ကြ​လော့၊သင်​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​၏။ ငါ​တို့​ကို​မ​တို့​မ​ထိ​ကြ​နှင့်'' ဟု​အော်​ဟစ် ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အား​လက်​ခံ မည့်​သူ မ​ရှိ​ဘဲ တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​လေ​သည်။

သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊-

ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စ​ခန်း​အ​ပြင် သို့​ထုတ်​၍​စစ်​ဆေး​ရ​မည်။ သူ​၏​ရော​ဂါ ပျောက်​ကင်း​လျှင်၊-

ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။-

ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ​အ​ရေ​ပြား ရော​ဂါ​သည်​ဆယ်​ယောက်​တို့​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ ခပ်​လှမ်း​လှမ်း​တွင်​ရပ် လျက်။-

တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​သူ​၏ ဝိ​ညာဉ်​သည်​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​ခန္ဓာ​ကို​ဖျက်​ဆီး​ပစ်​ရန်​စာ​တန်​၏ လက်​သို့​ပေး​အပ်​ကြ​လော့။

အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။-

ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-

အ​စဉ်​မ​ပြတ်​အ​ငြင်း​ပွား​မှု​တို့​ကို​ပေါ် ပေါက်​စေ​၏။ ဤ​အ​မှု​များ​ကို​ပြု​ကျင့်​တတ် သူ​တို့​သည်​ကား စိတ်​မ​မှန်​၍​သမ္မာ​တ​ရား ကို​မ​သိ​သူ​များ​ဖြစ်​ပေ​သည်။ ဘာ​သာ​ရေး မှ​စီး​ပွား​ရေး​အ​မြတ်​အ​စွန်း​ရ​ရှိ​သည် ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။

သို့​ရာ​တွင်​အ​ဘယ်​ညစ်​ညမ်း​သည့်​အ​ရာ​မျှ​ထို မြို့​တွင်း​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ စက်​ဆုပ်​ရွံ​ရှာ ဖွယ်​သော​အ​မှု​ကို​ပြု​သူ၊ လိမ်​လည်​ပြော​ဆို​သူ မှန်​သ​မျှ​သည်​လည်း​ဝင်​ခွင့်​ရ​လိမ့်​မည်​မ​ဟုတ်။ သိုး​သူ​ငယ်​တော်​၏​အ​သက်​စာ​စောင်​စာ​ရင်း တွင်​ပါ​သူ​များ​သာ​လျှင်​ဝင်​ရ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ