ဝတ်ပြု 13:4Common Language Bibleသို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကမောရှေအား``အကယ်၍ သူ၏ဖခင်သည်သူ၏မျက်နှာကိုတံတွေး နှင့်ထွေးလျှင် သူသည်ခုနစ်ရက်ပတ်လုံး အရှက်ခွဲခြင်းခံရမည်မဟုတ်လော။ ထို ကြောင့်သူ့ကိုစခန်းအပြင်တွင်ခုနစ်ရက် မျှသီးခြားနေထိုင်စေလော့။ ရက်စေ့လျှင် သူ့ကိုစခန်းအတွင်းသို့ပြန်လည်ခေါ်ဆောင် ရမည်'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။