သို့ရာတွင်သူ့အားသန့်ရှင်းသည်ဟုဆုံး ဖြတ်ပြီးနောက် အနာသည်ပြန့်ပွားလာလျှင်၊-
သတ္တမနေ့တွင်ယဇ်ပုရောဟိတ်သည် သူ့ကိုထပ်မံ စစ်ဆေး၍အနာသည်ပြန့်ပွားနေကြောင်းတွေ့ရ လျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြား ရောဂါဖြစ်သောကြောင့် ထိုသူကိုမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာကို တစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား၊ အနာတွင်းသည်လည်းမနက်ကြောင်းတွေ့ရှိ ရလျှင် ထိုသူအားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ ထိုသူသည် မိမိအဝတ်များကိုဖွပ်လျှော်ရမည်။ ထို့ နောက်သူသည်သန့်ရှင်းလိမ့်မည်။-
ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံစစ်ဆေး ရမည်။ အနာသည်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် အမွေးဝါသည်မဝါသည်ကိုစစ် ဆေးကြည့်ရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည်မသန့်ရှင်းကြောင်းထင်ရှားနေပြီ ဖြစ်သည်။-
သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အနာကိုစစ်ဆေး၍ သန့်ရှင်းသူဟုအဆုံး အဖြတ်ပေးပြီးနောက်မှအနာပြန့်ပွားလာ လျှင် ထိုသူသည်ယဇ်ပုရောဟိတ်ထံ၌တစ် ဖန်အစစ်ဆေးခံရမည်။-
ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-