သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာ ကိုတစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား အမွေးများသည်လည်းမဝါ၊ အနာတွင်း သည်လည်းမနက်ကြောင်းတွေ့ရှိရလျှင်၊-
ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး သည့်အခါ အနာတွင်းသည်မနက်သော်လည်း အနာပေါ်ရှိအမွေးများသည် ပကတိအသွေး အရောင်အတိုင်းမရှိခဲ့လျှင် သူ့ကိုခုနစ်ရက် သီးခြားနေထိုင်စေရမည်။-
အနာပတ်လည်ရှိအမွေးများကိုရိတ်ရ မည်။ ထို့နောက်သူအားခုနစ်ရက်တိုး၍သီး ခြားနေထိုင်စေရမည်။-
မိမိတို့ပြုလုပ်သမျှသောအရာတို့ကိုလူမြင် သာအောင်ပြုလုပ်တတ်ကြ၏။ မိမိတို့နဖူးနှင့် လက်မောင်းများပေါ်တွင်ကျမ်းစာလက်ဖွဲ့များကို အပြားကြီးပြုလုပ်၍ဝတ်ဆင်တတ်ကြ၏။ ဝတ်လုံ အမြိတ်များကိုရှည်လျားစွာချုပ်ထားတတ်ကြ၏။-
သင်သည်ပညတ်တရားကိုအမှီပြု၍ဂုဏ် ယူဝါကြွားပါလျက် အဘယ်ကြောင့်ထိုပညတ် တရားကိုချိုးဖောက်ခြင်းအားဖြင့် ဘုရား သခင်၏အသရေတော်ကိုဖျက်နေပါသနည်း။-