သို့ရာတွင်အနာကွက်၌ရှိသောအမွေးသည် မဖြူ၊ အနာတွင်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေကြောင်းတွေ့ရှိရလျှင် ထိုသူအားခုနစ် ရက်သီးခြားနေထိုင်စေရမည်။-
သို့ရာတွင်အနာကွက်သည်မပြန့်ပွားဘဲ နဂိုမူလအတိုင်းရှိနေလျှင် အနာစိမ်း၏ အမာရွတ်မျှသာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်ကထိုသူအားဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။
ယဇ်ပုရောဟိတ်သည်ထိုအနာကိုစစ်ဆေးရ မည်။ အနာကွက်တွင်ရှိသောအမွေးများသည် ဖြူ၍အနာတွင်းနက်ကြောင်းတွေ့ရှိရလျှင် မီး လောင်သောအနာမှဖြစ်ပေါ်လာသောဆိုးရွား သည့်ကိုယ်ရေပြားရောဂါဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
သတ္တမနေ့တွင်ယဇ်ပုရောဟိတ်သည် သူ့ကိုထပ်မံ စစ်ဆေး၍အနာသည်ပြန့်ပွားနေကြောင်းတွေ့ရ လျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြား ရောဂါဖြစ်သောကြောင့် ထိုသူကိုမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-