ဝတ်ပြု 13:2Common Language Bibleတစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။- အခန်းကိုကြည့်ပါ။ |
ရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။-
``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။