Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 13:18

Common Language Bible

တစ်​စုံ​တစ်​ယောက်​သော​သူ​၏​ကိုယ်​ရေ​ပြား​ပေါ် တွင် ပျောက်​ကင်း​သွား​သော​အ​နာ​စိမ်း​နေ​ရာ​၌၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဟေ​ရှာ​ယ​သည်​မင်း​ကြီး​၏​အ​စေ​ခံ​တို့ အား``အ​ရှင်​၏​အ​နာ​စိမ်း​ကို​သ​င်္ဘော​သ​ဖန်း သီး​ဖြင့်​အုံ​၍​ထား​ပါ။ ထို​အ​နာ​သည်​သက် သာ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​ပြော​၏။-

စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​ပြာ​သည်​အီ​ဂျစ်​တစ်​ပြည်​လုံး​တွင် မြေ​မှုန့်​ကဲ့ သို့​ပျံ့​နှံ့​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ်​ပေါ်​၌ အ​နာ​ဆိုး​များ​ပေါက်​စေ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။-

ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင်​၏​အ​နာ စိမ်း​ကို​သင်္ဘော​သ​ဖန်း​သီး​ဖြင့်​အုံ​၍​ထား​ပါ​မူ ထို​အ​နာ​သည်​သက်​သာ​ပျောက်​ကင်း​သွား​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။-

ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​တစ်​ဖန်​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန်​၍​ဖြူ​လာ​လျှင် သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​စင်​ကြယ်​၏။ ယဇ် ပု​ရော​ဟိတ်​သည်​လည်း​သူ့​အား​စင်​ကြယ် သည်​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။

ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​အ​ကွက်​ဖြစ် စေ​ပေါ်​လာ​လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​သွား​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​ကွက်​တွင်​ရှိ​သော​အ​မွေး​များ​သည် ဖြူ​၍​အ​နာ​တွင်း​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင် မီး လောင်​သော​အ​နာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ