သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးများကိုစားနိုင်သည်။-
သို့ရာတွင်ဆူးတောင်နှင့်အကြေးမပါရှိ သောရေသတ္တဝါများကိုမစားရ။-
သင်တို့သည်ထိုတိရစ္ဆာန်တို့၏အသားကို မစားရ။ အသေကောင်များကိုပင်မထိရ။ ယင်းတို့ကိုမသန့်ရှင်းဟုမှတ်ယူရမည်။
နောင်တရ၍ဘုရားသခင်ထံတော်သို့ချဉ်း ကပ်ကြစေရန်နှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ကြစေရန် ငါသည်ယုဒအမျိုးသား များအားလည်းကောင်း၊ ဂရိအမျိုးသားအား လည်းကောင်းလေးနက်စွာသတိပေးခဲ့၏။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-