ဝတ်ပြု 11:40Common Language Bibleထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။