ကြဲမည့်မျိုးစေ့ပေါ်သို့အသေကောင်ကျ လျှင် မျိုးစေ့သည်မညစ်ညမ်း။-
သို့ရာတွင်စမ်းရေတွင်းသို့မဟုတ်ရေလှောင် ကန်ထဲသို့အသေကောင်ကျလျှင် ထိုရေသည် မညစ်ညမ်း။ ထိုအသေကောင်နှင့်ထိမိသော အရာသာလျှင်ညစ်ညမ်းသည်။-
သို့ရာတွင်ရေစိမ်ထားသောမျိုးစေ့ပေါ် သို့အသေကောင်ကျလျှင် ထိုမျိုးစေ့သည် မသန့်ရှင်း။
မြေတွင်သင်စိုက်သောအရာသည်ဂျုံစေ့ သို့မဟုတ်အခြားမျိုးစေ့တစ်မျိုးမျိုးဖြစ် မည်။ နောင်အခါပေါက်လာသည့်အပင်မဟုတ်။-
အဘယ်ကြောင့်ဆိုသော်သင်တို့သည်သေခြင်း တရားနှင့်ကင်းသောနိစ္စထာဝရအရှင်၏ သားသမီးများဖြစ်ကြပြီးအသက်ရှင်၍ ထာဝစဉ်တည်သောနှုတ်ကပတ်တော်အား ဖြင့်တစ်ဖန်မွေးဖွားလာသူများဖြစ်ကြပြီ။
ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။-
ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။